ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် (၉၇) ကြိမ်မြောက် မြတ်စွာဘုရားအမှူးပြုသော ရဟန္တာမထေရ်အပါး (၅၀၀) တို့အား (၅၀၁) ဆူစတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် မြတ်စွာဘုရားအမှူးပြုသောရဟန္တာမထေရ်အပါး (၅၀၀) တို့အား (၅၀၁)ဆူ စတုမဓူ ဆေးဆွမ်းတော်ကပ်လှူပူဇော်ပွဲ ရေစက်ချအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် ကျင်းပခဲ့သည်။

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) Meeting Room ခန်းမ၌ စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသော "လူတွေရဲ့ချစ်ခင်မှုကိုရအောင်"စာအုပ်ဖြင့် ယနေ့နံနက် ၁၁ နာရီက စာဖတ်ဝိုင်း‌ ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ် အခြေခံပညာမူလတန်း‌ကျောင်း‌၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု‌ပေးပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ဥယျာဉ်ကုန်းရွာ အခြေခံပညာမူလတန်းကျောင်း (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ‌ဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။

ဟုမ္မလင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ယိုမျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး၍ ယိုမျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်ကို ဇန်နဝါရီ (၂၅) ရက်နေ့၊ နေ့လည်(၁၂)နာရီအချိန်က ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားဝင်းရှိ ဓမ္မဝိစယဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ခန္တီးမြို့နယ်၌ မီးချတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ လိုက်လံစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နွေရာသီရောက်ရှိလာတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် (၇) နာရီ အချိန်က မြို့မရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်(၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ (နပဆ-၁) မှ လာရောက်ကပြဖျော်ဖြေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေပျော်ရွှင်စေရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ (နပဆ-၁)မှ လာရောက်တင်ဆက်ကပြဖျော်ဖြေပွဲကို ယမန်နေ့ ည ၇ နာရီမှ စတင်၍ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ သဒ္ဓမ္မဇောတိကာရုံပရိယတ္တိစာသင်တိုက်ဝန်းအတွင်း၌ တင်ဆက်ကပြဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲ ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ လူငယ်အသိပညာပေးဟောပြောပွဲများနှင့် အသိပညာပေးပြပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံနှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် ဇန်နဝါရီ ၂၃ရက်နေ့ ည(၈)နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်း လွိုင်လင်မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူများက လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် မဲအင်းကျေးရွာဘုန်းတော်ကျောင်းသို့ ဆန်၊ ဆီ၊ ဆေးများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စု၊ မဲအင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် အထူးဆောက်လုပ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းမင်း ဦးစီးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဉာဏိ ဿရဆရာတော်အား  ဆန်၊ ဆီ၊ ဆေးနှင့်ဝတ္ထုငွေကျပ် ၅၀၀၀၀ ဆက်ကပ်လှူဒါန်းခဲ့သည်။
Subscribe to