ကျွန်းစု စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ထွေ/အုပ်ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ကျွန်းစုမြို့နယ်တွင် ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၂၃)အုပ်စုရှိပြီး အောက်တိုဘာလ(၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း ကောက်ကွက်(၃၂၉)ကွက်ဖြင့် ကောက်ယူမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး စိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာတို့က အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်သတ်မှတ်၍ ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သောကြောင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်များနှင့် ပူးပေါင်းမည့်အဖွဲ့များ အဆင်ပြေစွာလုပ်ဆောင်နိုင်ရေး၊ လိုအပ်သည်များပံပို့ကူညီပေးနိုင်ရေး၊ ကြိုတင်စီမံဆောင်ရွက်ထားရှိနိုင်ရေး၊ သန်းခေါင်စာရင်းကောက်ယူရာတွင်ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်များနှင့် မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်လှစ်ပို့ချနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)