နတ်မောက်မြို့နယ်၌၂၀၂၄ခုနှစ် လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် census unit များတွင် အဆောက်အအုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် census unit များတွင်အဆောက်အအုံတင်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့မ ရပ်ကွက်တွင်ဆောင်ရွက်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်၌ ဆိုက်ဘာလုံခြုံရေးအသိပညာပေး သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဆိုက်ဘာလုံခြုံရေးအသိပညာပေး သင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်( အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ၏ (၁၁၈) နှစ်ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပမည်

အရှေ့တောင်အာရှတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၏ (၁၁၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း တိရိစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှ အသိပေးကြေညာထားသည်။

သူနာပြုနှင့်သားဖွားဒီပလိုမာ သင်တန်းသား/သူများ၏ (၃၀) ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင် (ပြည်)၏ (၃၀) ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်း၏ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်း ဘောလုံးအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ညောင်ဦးမြို့နယ် ရွှေလှိုင်းကျေးရွာ မီးကြွင်းမီးကျန်မှ တဆင့်မီးလောင်မှုဖြစ်ပွား ကလေးငယ်တစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေမီးသတ်စခန်း၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ တောင်ဇင်းအုပ်စု၊ ရွှေလှိုင်းကျေးရွာ၌ ဇန်နဝါရီ ၂၀ ရက်၊ နံနက် ၉ နာရီအချိန်ခန့်က မီးကြွင်းမီးကျန်မှတဆင့်လူနေအိမ်မီးလောင်ခဲ့ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သရက်ချောင်းဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သရက်ချောင်းဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စက်မှုဇုန်(၁)ရှိ စက်ရုံများတွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောကာ မီးငြှိမ်းသတ်ရေးသရုပ်ပြ

မြို့နယ်အတွင်းရှိ စက်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနမှ ဇန်နဝါရီ ၁၉ရက်နေ့ နံနက် ၁၀နာရီ ၃၀ မိနစ်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စက်မှုဇုန်(၁)ရှိ SOE Electric Co., Ltd၊ မွန်းတည့် (၁၂) နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စက်မှုဇုန် (၁)ရှိ Earth Industry Co., Ltd တို့တွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောမှုနှင့်အတူ မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to