ကော့မှူးတွင် ရွေ့လျားစာကြည့်တိုက်‌မော်တော်ယာဉ်ဖြင့် အ‌ခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များငှားရမ်းပေး

ကော့မှူး စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများစွာရရှိစေရန်နှင့် စာအုပ်စာစောင်များအား လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယ‌နေ့နံနက်က မူလွန်(ပတုပ်)ကျောင်းနှင့်သမဝါယမဦးစီးဌာနရုံးများသို့ စာအုပ်စာစောင်များငှားရမ်းပေးနေကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်တွင် စာအုပ်စာစောင်များငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် သုတ/ ရသစာအုပ်မျိုးစုံ ၂၀၀၀ ကျော်ပါရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ်လဲလှယ်ပေးလျက်ရှိ‌ရာ ယခုငှားရမ်းပေးခဲ့သော စာအုပ်များကိုရက်သတ္တပတ်တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် ထပ်မံလဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည်ပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာစောင်များအား အလွယ်တကူဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာများအ‌ခြေခံပညာကျောင်းများ အရောက်လိုက်လံငှားရမ်းပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုစာအုပ်များအား အခမဲ့လာရောက်ငှားရမ်းဖတ်ရှု‌နိုင်ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)