ကြံခင်းမြို့နယ်၊ ရွှေကျောင်း(အ.မ.က)တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်မှုးရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့" ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ ရွှေကျောင်း(အ. မ က) ကျောင်းတွင် ကွင်းဆင်းပြုလုပ်ပေးကြသည်။