မိုင်းဖြတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခြင်းနှင့် ကျေးရွာအချို့ ရေများဝင်ရောက်မှုဖြစ်ပွား
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့က မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင်း ရေကြီးရေလျှံမှုများဖြစ်ပွားကာ ကျေးရွာအချို့တွင် ရေများဝင်ရောက်၍ လယ်ယာမြေများနစ်မြုပ်ခြင်း၊ ပြည်ထောင်စုလမ်းမပေါ်တွင် ရေလျှံမှုများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။