ငါ့သ‌ရောက်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ငါ့သရောက် စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က ပုံပြင်၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပရာ အခြေခံပညာမူလတန်းကျောင်း ( အမှတ်-၃) တောင်ကုန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၈) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များကို ဂုဏ်ပြုလက်ဆောင်နှင့် အာဟာရမုန့်များ အားပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများ ညဏ်ရည်ညဏ်သွေးထက်မြက်စေရန်၊ ပါဝင်ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့် ရရှိစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ  ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရရှိကာ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြု့နယ် (ပြန်/ဆက်)