ဟင်္သာတမြို့တွင် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ဟင်္သာတ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြသန်းဦးဆောင်သော တပ်ဖွဲ့ဝင်များက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြသန်း ဦးဆောင်၍ ခရိုင်ရုံးတပ်ဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၈၄)ယာဥ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးယဥ်မင်းသိုက်နှင့်တပ်ဖွဲ့ဝင်များ၊ ရထားရဲတပ်ဖွဲ့ခွဲ(၂၀)မှ ဒုရဲမှူး ရဲမောင်ဦးနှင့်တပ်ဖွဲ့ဝင်များက သွေးအမျိုးအစားများအလိုက် စုပေါင်းသွေးလှူဒါန်းရာ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးကိုယ်စား ခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာ သန်းဝင်းဇော်နှင့် ဓာတ်ခွဲခန်းတာဝန်ခံ ဒေါက်တာခင်မာသူနှင့် ဝန်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း သွေးအမျိုးအစားခွဲခြင်းတို့ပြုလုပ်ပေးခဲ့ကြသည်။

ထို့နောက် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟင်္သာတခရိုင် ရဲတပ်ဖွဲ့ရုံးမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဇလွန်မြို့နယ်ရဲတပ်ဖွဲ့၊အမှတ် (၈၄)ယာဥ် ထိန်းတပ်ဖွဲ့စု(ဟင်္သာတ)၊ ရထားရဲတပ်ဖွဲ့အမှတ်(၂၀) ရဲတပ်ဖွဲ့ဝင်များပါဝင်သော တပ်ဖွဲ့ဝင် ၃၅ ဦးတို့ သွေးလှူဒါန်းနေမှုတို့ကို ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး၊ သွေးလှူရှင်တပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများက အာဟာရဖြည့်စွက်စာအဖြစ် ကြက်ဥများ၊ အားဖြည့်အချိုရည်များ၊ အားဆေးများ ထောက်ပံ့လှူဒါန်း​ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)