ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါမြို့နယ်ရှိ တံခွန်တိုင်ရပ်ကွက်၊ ရန်-မန်းလမ်း၊ မျိုးသိန်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံလျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံဧက (၇၉၀၀၀) ကျော် စိုက်ပျိုးပြီး လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရမည်းသင်းမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိ

ရမည်းသင်းမြို့နယ်၌ စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အမရပူရမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အမရပူရမြို့နယ် ရေဘုတ်ကျေးရွာ ရွာလည်ကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ် e-Government ဦးဆောင်ကော်မတီက ကြီးမှူးဖွင့်လှစ်သော e-Government ဆိုင်ရာ အထောက်အကူပြု ကွန်ပျူတာအခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ် e-Government ဦးဆောင်ကော်မတီက ကြီးမှူးဖွင့်လှစ်သော e-Govern-ment ဆိုင်ရာ အထောက်အကူပြု ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၄)နှင့် အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြသည်။

အမရပူရမြို့နယ်အတွင်း ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်နှင့် သီလရှင်(၆၁၄၅)ပါးတို့အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ လှူဒါန်းသော ဆန်၊ဆီ၊ကြက်သွန်နီနှင့် ကုလားပဲများအား ထပ်ဆင့်လှူဒါန်းပွဲပြုလုပ်

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဝက်ကုန်းရပ်ရှိ ဆင်ဖြူမယ်ကျောင်းတိုက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ကြီးမှူးကျင်းပပြုလုပ်သော အမရပူရမြို့အတွင်းရှိ ဝါဆို၊ဝါကပ်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်‌‌စိမ်း၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ ထပ်ဆင့်ဆက်ကပ်လှူတန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပခဲ့သည်။

မကွေးမြို့၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို (၅.၉.၂၀၂၄)ရက်နေ့မှ (၉.၉.၂၀၂၄)ရက်နေ့အထိ ကျင်းပပြီး တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့ ညနေပိုင်းက မကွေးမြို့ ၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွှန့်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

အိမ်မဲမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ အ.ထ.က (၁) ကျောင်း၌ စက်တင်ဘာလ(၂၃)ရက်နေ့တွင် ကျင်းပမည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၂)နာရီအချိန်တွင် ကျင်းပခဲ့သည်။

မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များအား ဌာနဆိုင်ရာများ စုပေါင်း၍   (ပထမအကြိမ်) ဆွမ်းဆန်တော်နှင့် ဆီ/ကြက်သွန်များ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပရိယတ္တိစာသင်တိုက်များအား (ပထမအကြိမ်) ဆွမ်းဆန်တော်၊ ဆီနှင့် ကြက်သွန်လှူဒါန်းပွဲကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက စိတ္တပါလ ဂူကျောင်းစာသင်တိုက်ရှိ တင့်ဆွေရတနာ မြသက်ခြယ် ဆွမ်းစားဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။   

မအူပင်မြို့၌ ဆန်ဆိုင်များရောင်းချမှုဈေးနှုန်းနှင့် ဆန်ပြတ်လပ်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ရှိ ဆန်ဆိုင်များ စျေးကွက်အတွင်း  စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် ဆန်များ ပြတ်လပ်မှု ရှိ/မရှိအား စက်တင်ဘာလ(၉)ရက်နေ့ နံနက် ၁၀ နာရီက  မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးသည်။
Subscribe to