ဇေယျာသီရိမြို့နယ်၌ မိုးရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေမြင့်တက်လာ၍ ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းကျေးရွာချင်းဆက် မြစ်ကူးသစ်သားတံတား ပေ ၁၅၀ ခန့် ကျိုးပဲ့ပျက်စီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ မိုးရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေမြင့်တက်လာ၍ ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းကျေးရွာချင်းဆက် မြစ်ကူးသစ်သားတံတား ပေ ၁၅၀ ခန့် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။

ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးရှောင်စခန်း(၃)ခုဖွင့်လှစ်ထားရှိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်း (၃) ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၌ နွားမေထုန်မဲ့ သားစပ်သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွန်ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ်သင်တန်း (၄/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်မွေးမြူရေးနှင့်ကုသရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်မော်လမြိုင်မြို့ရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်များသို့ ကွင်းဆင်းကြည့်ရှု၍ စာအုပ်စာ‌စောင်များ ပေးအပ်လှူဒါန်း

မွန်ပြည်နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာနှင့်‌ ကျောင်းစာကြည့်တိုက်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ပေါင်မြို့နယ်၌ နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၄ / မွန်)ဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ် သင်တန်းအမှတ်စဉ်(၂/၂၀၂၄/မွန်)ဖွင့်ပွဲအခမ်းအနားကို  ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ်၌ သက်ကြီးဘိုးဘွားများအား သွေးတိုးနှင့်ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်း ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ညှိနှိုင်းဆောင်ရွက်မှုဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိသက်ကြီးဘိုးဘွားများအား သွေးတိုးရောဂါနှင့် ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းနှင့် တိုင်းရင်းဆေးပညာဖြင့်ကုသပေးခြင်းတို့ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခမ်းအနားမှူး သင်တန်း ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ အခမ်းအနားမှူး တစ်ယောက်အဖြစ် ဆောင်ရွက်ရာ၌ အခမ်းအနားတစ်ဦးတွင် ရှိရမည့် အဓိကအရည်အချင်းများကို သိရှိနားလည်စေရန်နှင့် အခမ်းအနားအစီအစဥ် အစ၊ အလယ်၊ အဆုံး တာဝန်ယူ ဆောင်ရွက်နိုင်သည့် အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခမ်းအနားမှူး သင်တန်းအား ယမန်နေ့က ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို ပြည်မြို့၊ အမှတ်(၃၇)မူးယစ်တပ်ဖွဲ့စု(ပြည်)မှ စုပေါင်းသန့်ရှင်းရေးနှင့်သွေးလှူဒါန်းခြင်း အကျိုးပြုလုပ်ငန်းများဆောင်ရွက်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့် နှစ် ၆၀ ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်မြို့၊ အမှတ်(၃၇)မူးယစ်တပ်ဖွဲ့စု(ပြည်)မှတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပြည်မြို့ ရတနာဒီပလမ်းရှိ လေးထပ်ပြင်ဘုန်းတော်ကြီး‌ကျောင်း၌ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းခြင်း အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

လက်ပံတန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဂိမ်းပြိုင်ပွဲများနှင့်အတူ ကျပန်းစကားပြော၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့တွင် အ.ထ.က(၁)လက်ပံတန်း၌ အခြေခံပညာအလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ကျပန်းစကားပြော အကြိုပြိုင်ပွဲများကို ကျင်းပခဲ့သည်။
Subscribe to