ရွှေသောင်ယံမြို့တွင် ရပ်/ကျေး စုပေါင်းသံဃာနာယကအဖွဲ့ ဆိုင်းဘုတ်တင်ပွဲကျင်းပ

ရွှေသောင်ယံ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ ဣစ္ဆာသယ ကျောင်းတိုက်တွင် ရပ်/ကျေး စုပေါင်းသံဃာနာယကအဖွဲ့ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဆိုင်းဘုတ်တင်ပွဲတွင် သဲကုန်းကျေးရွာ"ဣစ္ဆာသယ" ကျောင်းတိုက်၏ ဦးစီးပဓာန နာယက ရပ်/ကျေးသံဃာနာယကဥက္ကဋ္ဌဖြစ်တော်မူသော ဘဒ္ဒန္တကောသလ္လမထေရ်မြတ်မှ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခြင်း၊ ကြွရောက်လာကြသော သံဃာတော်များမှ မြတ်စွာဘုရားအား ပူဇော်သည့်ဂါထာများ ရွတ်ဆို၍ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေးခြင်း၊ မြို့အုပ်ချုပ်ရေးမှူးမှ အမွှေးနံ့သာရည်များနှင့် ပက်ဖျန်းပေးခြင်းတို့ ပြုလုပ်ကာ အဆိုပါဆိုင်းဘုတ်အား စိုက်ထူခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)