ကျိုက်ထို စက်တင်ဘာ ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့ထင်းကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၆/၂) (၁၀၆/၃)အကြား ရေ (၄)လက်မခန့်၊ လမ်းအရှည် (၄၀၀)ပေခန့်နှင့် မိုင်တိုင်အမှတ်(၁၀၆/၆) (၁၀၆/၇)အကြား ကားလမ်းမကြီးပေါ်တွင် ရေ (၄)လက်မခန့်၊ လမ်းအရှည် (၃၀၀)ပေခန့် ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ကားလမ်းရေကျော်နေမှုကြောင့် ယာဉ်များပုံမှန်သွားလာနိုင်ရေး၊ ပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ လမ်းကြောင်းရှင်းလင်းရေးနှင့် ရေလမ်းကြောင်းပြသရန်အတွက် မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ရွှေသံလွင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)