နေပြည်တော် စက်တင်ဘာ ၁၈
တပ်ကုန်းမြို့၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် ယမန်နေ့ညနေပိုင်းက ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကလေးငယ်အချို့ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စေတနာရှင်အလှူရှင်အချို့ ချက်ပြုတ်ပေးပို့လှူဒါန်းသည့် ကြက်သားဒံပေါက် စားသုံးခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပြင်ပလူနာ ၅၀ ဦး၊ ဆေးရုံတင် အတွင်းလူနာ ၆၅ ဦးရှိပြီး ဆေးရုံတင်လူနာများ မစိုးရိမ်ရအခြေအနေဖြစ်ကြောင်း သိရသည်။
နေပြည်တော် ကျန်းမာရေးဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များရောက်ရှိနေပြီး ပညာပေးခြင်း၊ ကုသခြင်း၊ ဆေးရုံသို့လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုကဲ့သို့ဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် အစားအစာများလှူဒါန်းပါက သန့်ရှင်းပူနွေးမှုရှိရန်လိုအပ်ကြောင်း အကြံပြုထားသည်။
ဇော်ဖြိုး(ပြန်/ဆက်)