ကံမ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ မိုးရာသီစိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ ခုနှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများကို မြို့နယ်အတွင်း ကျေးရွာအုပ်စု(၅၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ငွေကျပ်သိန်းပေါင်း (၂၇,၀၀၀)ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်း မြေပဲ၊ နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု(၃၈)အုပ်စုမှ တောင်သူ(၄၀၉၈)ဦး၏ မိုးစပါး စိုက်ဧက(၁၀၈၆၉)ဧက၊ နှမ်း စိုက်ဧက(၁၁၃၃)ဧကနှင့် ပဲတီစိမ်း စိုက်ဧက(၃၈၀)ဧကတို့အတွက် စုစုပေါင်း ငွေကျပ်(၁၇,၈၁၆.၅)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးရာတွင် ယမန်နေ့ နံနက်(၉)နာရီက အင်းကြီးကုန်းကျေးရွာအုပ်စုမှ တောင်သူ(၁၁၀)ဦးတို့၏ မိုးစပါးစိုက်ဧက(၂၀၃)ဧကအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးခဲ့ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)