ငပုတောမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်ယူရေး လုပ်ငန်းများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲကျင်းပ

ငပုတော စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနဝရတ်ခန်းမတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်ယူရေးလုပ်ငန်းများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းများနှင့် ပတ်သတ်၍ အဖွင့်အမှာစကားများကို ပြောကြားပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် Tablet ဆက်စပ်ပစ္စည်းများကို မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီဥက္ကဋ္ဌက သင်တန်းသား တစ်ဦးထံပေးအပ်သည်။

ထို့နောက်မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သန်းခေါင်စာရင်း ကောက်ယူရေးနှင့်ပတ်သက်သော ပစ္စည်းများကို ကြည့်ရှုခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီး‌‌ရေးရာအဖွဲ့ဝင်များ၊ သင်တန်းနည်းပြ (၁၅)ဦးနှင့်သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း အင်အား(၂၃၂)ဦးခန့် တက်‌ ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)