အရာတော်မြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်

အရာတော် စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ဆရာစံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြည်သာအောင်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးစိုးမင်းခိုင်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် စာရင်းစစ်၊ စာရင်းကောက်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ မြို့နယ်အဆင့် နည်းပြသင်တန်းတွင် စာရင်းကောက်(၁၀)ဦး၊ စာရင်းစစ်(၄)ဦး စုစုပေါင်း (၁၄) ဦး တက်ရောက်ကြပြီး သင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍနှင့်တာဝန်များ၊ စာရင်းကောက်ကွက်မြေပုံများ၊ မေးခွန်းပုံစံ ဖွဲ့စည်းတည်ဆောက်ပုံ၊ မေးခွန်းတစ်ခုချင်းအလိုက် အသေးစိတ်ရှင်းလင်းချက်များ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလကို (၁၂) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)