မြိုသစ်မြို့နယ်၌ “ကမ္ဘာ့အိုဇုန်းလွှာသိမ်း‌ရေးနေ့” အထိမ်းအမှတ် စာအုပ်ပြပွဲနှင့်ဟောပြောပွဲ ကျင်းပ

မြို့သစ် စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ် (၁) နာရီအချိန်က ကမ္ဘာ့အိုဇုန်းလွှာသိမ်း‌ရေးနေ့”အထိမ်းအမှတ်စာအုပ်ပြပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ဒေါ်ဝင်းအိဇွန်က စာအုပ်ပြပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပြပွဲကို ဆက်လက်ကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက အသိပညာပေးစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား၊ကျောင်းသူ(၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)