ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကျင်းပ

ကွမ်းခြံကုန်း စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဇာတိမာန်ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကွမ်းခြံကုန်းမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်နိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းဆိုင်ရာများကို ပြောကြားပြီး တက်ရောက်လာသော တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါစာရင်းစစ်၊ စာရင်းကောက်သင်တန်းအား စက်တင်ဘာလ(၁၇)ရက်နေ့မှ စက်တင်ဘာ(၂၈)ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား(၁၂၇)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၁)ဗိုလ်မှူးပြည့်စုံစိုး၊ အဖွဲ့ဝင်(၂)ဦးရဲတင့်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ဦးစီးမှူးရုံးလက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမင်းစိုးနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ဆရာ/ဆရာမများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)