ဝမ်းတွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦး‌ရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဝမ်းတွင်း   စက်တင်ဘာ   ၁၈                

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အခြေခံပညာအထက်တန်း(သဲတော-ဝမ်းတွင်) ကျောင်း ပတ္တမြားခန်းမတွင် ၂၀၂၄ ခုနှစ် လူဦး‌ရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်သီတာက  သင်တန်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ သင်တန်းတွင် သင်တန်းသား စုစုပေါင်း (၁၉၉) ဦး တက်ရောက်မည်ဖြစ်ပြီး မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် မြို့နယ်ပညာရေးမှူး၊ တာဝန်ရှိသူတို့က သင်တန်းသားများအား စာရင်းကောက်အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦး‌ရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ အတွင်းရေးမှူး ဦးစိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)