တောင်တွင်းကြီး စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် စိတ္တသုခလှုမှုကူညီရေးအသင်းကဦးဆောင်၍ မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအား လိုအပ်နေသည့် ဆေးဝါး၊ အဝတ်အထည်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းနိုင်ရန်အတွက် စက်တင်ဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းမှစတင်၍ တောင်တွင်းကြီးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအား လှည့်လည်အလှူခံခြင်း၊ မြို့နယ်စည်ပင်သာယာစျေးအနီးတွင်လည်း အလှူခံဌာန ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အလှူခံဌာနဖွင့်လှစ်ရာတွင် မြိုပေါ်ရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် ကျေးရွာများရှိ ဒေသခံပြည်သူများက အဝတ်အထည်များ၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးများ၊ မုန့်၊ ရေသန့်၊ အသုံးအဆောင်၊ အစားအသောက်(ကုန်ခြောက်)နှင့် အလှူငွေများ လာရောက်လှူဒါန်းကြရာ ပါဝင်လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများနှင့် အလှူခံရရှိငွေ (၁၃၇)သိန်းတို့အား တပ်ကုန်းမြို့ရှိ ရေဘေးသင့်ပြည်သူများအား တစ်အိမ်ထောင်လျှင် (၃)သောင်းကျပ်နှုန်းနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပြီး ကျန်ရှိသည့် ရေဘေးသင့်ပြည်သူများအတွက်လည်း အလှူခံဌာန ဆက်လက်ဖွင့်လှစ်၍ လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စိတ္တသုခလှုမှုကူညီရေးအသင်း တာဝန်ရှိသူထံမှ သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)