မိုင်းရှူးမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေး လှည့်လည်ဆော်ဩ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် စက်တင်ဘာ ၁၉ ရက်နေ့တွင် တောင်တရုတ်ပင်လယ်မှ ဝင်ရောက်လာမည့်မုန်တိုင်းသည် ထိုင်းနိုင်ငံမှရှမ်းအရှေ့သို့ ဝင်ရောက်ပြီး စက်တင်ဘာ၂၂ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်မှ ဝင်ရောက်မည့်မုန်တိုင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် သွားရောက်ဆုံဆည်းပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်း၊ရေကြီးရေလျှံခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်နိုင်သည့်အတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်ဦးစီးဌာနတို့က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေး လှည့်လည်ဆော်ဩခဲ့သည်။