မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကျင်းပ

မင်္ဂလာဒုံ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉နာရီက မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပသည်။

 အခမ်းအနားတွင် မင်္ဂလာဒုံမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးထူးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်းစာရင်ကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်သူအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးထူးကျော်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဒေါ်အေးအေးသန်းနှင့် မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်တို့ကသင်တန်းသား၊ သင်တန်းသူများအားသင်ထောက်ကူပစ္စည်းများ အသီးသီးပေးအပ်ပြီး တက်ရောက်လာသောတာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါ စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ခရိုင်အဆင့်နည်းပြသင်တန်းတက်ရောက်ခဲ့သည့် သင်တန်းနည်းပြများက စက်တင်ဘာ(၁၇)ရက်နေ့မှ စက်တင်ဘာ(၂၈)ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ(၂၃၈)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်သူဇာ (မင်္ဂလာဒုံ)