သာပေါင်း စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊စာရင်း ကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်အတန်းကျောင်း(သာပေါင်း)၊ သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်က အဖွင့်အမှာစကားပြောကြားပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် Mobile Tablet နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား ဆရာဦးရဲမင်းထွေးမှ လက်ခံရယူခဲ့သည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၉)ဦးတို့က သင်တန်းသား၊ သင်တန်းသူ(၁၄၇)ဦး တို့အား စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချဆွေးနွေးပေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း