မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်လှစ်

မင်္ဂလာတောင်ညွန့် စက်တင်ဘာ ၁၈

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက သပြေကုန်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ပါသည်။

ရှေးဉီးစွာ အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဉီးမြသိန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဉီးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရင်းကောက်ယူရေးအဖွဲ့ volunteer များ၊ ပရဟိတလူငယ်လေးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၂၀၀)ဉီးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းစစ်စာရင်းကောက်သင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၁၄၆)ဦးတို့ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာစက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်( ပြန်/ ဆက်)