ကျောင်းကုန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေး

ကျောင်းကုန်း ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊  ကျောင်းကုန်းမြို့နယ် ကုတင်(၁၀၀) ပြည်သူ့ဆေးရုံ၊ ဒေါ်သန်းတင်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ယမန်နေ့က အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား (Pfizer Original) ထပ်ဆောင်း ထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများသည် ယမန်နေ့က စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးရာတွင်  အသက်(၅၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်း(၁၅၄)ဦးအား (PfizerOriginal) ထပ်ဆောင်းထိုးနှံ‌ပေးခဲ့ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)