မိုင်းရယ် ဇန်နဝါရီ ၁၉
မိုင်းရယ်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/သူများ ပန်းချီ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
အဆိုပါ ပြိုင်ပွဲတွင် မိုင်းရယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ အခြေခံပညာ ထက်၊ လယ်၊ မူဆင့် ကျောင်းသား/သူများ စုစုပေါင်း(၅၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/မများက အားပေးကြည့်ရှုခဲ့ကြသည်။
မိုင်းရယ်(ပြန်/ဆက်)