ဆီဆိုင် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (နောင်မွန်) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ဆုပေးပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းအတွင်းရှိ ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ Grade-10 ကျောင်းသား/ကျောင်းသူများက “စုံညီပွဲတော်ကြိုဆိုစို့” တေးသီချင်းဖြင့် အခမ်းအနားကိုသီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးအောင်ဆန်းဦးက အမှာစကားပြောကြားသည်။ ယင်းနောက် နောင်မွန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကာယ၊ ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူ များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတို့က တေးသီချင်းအကအလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)