ဆီဆိုင်မြို့နယ်ရှိ လွယ်ဆံဆစ်ကျေးရွာ အ.လ.က(ခွဲ)ကျောင်း၌  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ဆီဆိုင် ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုတများ တိုးပွားစေရန် ရည်ရွယ်၍   စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ပါလောပါကယ်ကျေးရွာအုပ်စု၊ လွယ်ဆံဆစ်ကျေးရွာ အ.လ.က(ခွဲ)ကျောင်း၌ ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးယုက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ခြင်းဖြင့် ရရှိနိုင်မည့် အသိပညာဗဟုသုတများအကြောင်းအား အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်များနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံနှင့် သုတ/ရသ စာအုပ်စာစောင်များ ကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)