ပန်းတနော်မြို့၌ ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး မော်တော်ယာဉ်များ စစ်ဆေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ယာဥ်အန္တရာယ်ကင်းရှင်းစေရေး တာဝန်ရှိသူများမှ မော်တော်ယာဥ်နှင့် ဆိုင်ကယ်များစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက  ပန်းတနော်မြို့အဝင်ထိပ် ရန်ကုန်- ပုသိမ်ကားလမ်းမတွင် ဆောင်ရွက်ခဲ့သည်။

ကဝမြို့နယ် အ.မ.က(မူလွန်)ဘုမ္မစိုးကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ဘုမ္မစိုးကျေးရွာ အ‌ခြေခံပညာမူလတန်း (မူလွန်)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ဓနုဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(တေဇခန်းမ)၌ ကျင်းပသည်။

ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) တွင် လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း (ရွှေကျင်) ပညာရတနာခန်းမတွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် (၁၀) နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများ ဗလငါးတန်ဖွံဖြိုးတိုးတက်လာစေရန် ၊ စာပေဗဟုသုတအပြင် ပြင်ပဗဟုသုတများ စုံလင်စွာရရှိစေရန်ရည်ရွယ်ပြီး  အ.မ.က လမ်းမတော်ကျောင်းမှ ကျောင်းသား /သူများအား တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ခရမ်းမြို့နယ်တွင် P-Fizer(Original Strein) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံ 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံသံဃာဆောင်တွင် (၁၆-၁-၂၀၂၄)ရက်နေ့မှစ၍ P-Fizer(Original Strain)ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား သွားရောက်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်အတွက် နောက်ဆုံးအကြိမ် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ အနည်းဆုံး(၆)လရှိပြီး အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများ၊ အသက်(၁၈)နှစ်နှင့် အထက်နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အသက်(၅၀)နှစ် အထက်နာတာရှည်ရောဂါ ခံစားနေရသော ပြည်သူလူထုအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ကန့်ဘလူမြို့ အ.ထ.က(ခွဲ)ညောင်အိုင်၌ လူငယ်စကားဝိုင်း ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ညောင်အိုင်ကျောင်းခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက်

အခြေခံပညာကျောင်းသား၊ ကျောင်းသူများအားဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်သည်။

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to