တွန်းဇံ ဇန်နဝါရီ ၁၉
ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ခေါဝုန်လေးဆန်ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း စာသင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်က ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကြီးမားပုံ၊ မြို့နယ်တရားသူကြီး ဦးဇော်ဖြိုးအောင်က မူးယစ်အစဆေးလိပ်က ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများကို ဟောပြောဆွေးနွေးကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျိန်ငိုက်ညောင်က ကျေးဇူးတင်စကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယူဆောင်လာသော သုတ/ရသ စာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်နှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရာသို့ တွန်းဇံမြို့နယ် တရားသူကြီး ဦးဇော်ဖြိုးအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခေါ်ဝုန်လေးဆန် ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန် ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇိုဇွန်းပါလ် (ပြန်/ဆက်)