ပဲခူးမြို့၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
ပဲခူးမြို့တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူး)သင်တန်းခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။