ဖျာပုံ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယဥာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲ၊ပန်းချီ ရေးဆွဲခြင်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်း အချိန်က အဆိုပါခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။
ထိုသို့ ပြိုင်ပွဲများ ကျင်းပရာတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီရေးဆွဲခြင်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတို့တွင် ပါဝင်ယှဥ်ပြိုင်ကြရာ ပြိုင်ပွဲအလိုက် ဆုရရှိကြသူများအား ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေး၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်နွယ်လတ်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန၊ ဖျာပုံခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်
(ဖျာပုံခရိုင်ပြန်/ဆက်)