သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်း အုန်းပင်စုရပ်ကွက်၌ဆောင်ရွက်

တွံတေး      ဇန်နဝါရီ        ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်အတွင်း  Censun Unit 002 တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အဦစာရင်းတင်ခြင်း(ဆ-၀၂) ကောက်ယူခြင်းလုပ်ငန်းကို တွံတေးမြို့လဝကမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများကပူးပေါင်း၍ အဖွဲ့(၂)ဖွဲ့ခွဲကာ အဆောက်အဦမှတ်တမ်းတင်ခြင်လုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအဆောက်အဦ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို အုန်းပင်စုရပ်ကွက်တွင် ဇန်နဝါရီ ၁၇ ရက်နေ့မှ ၁၉ ရက်နေအထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

တွံတေးသား