မအူပင် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အ.လ.က(ထန်းပင်ကွေ့အရှေ့)ကျောင်းတွင် ယမန်နေ့နေ့လည်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာဦးက စာဖတ်ခြင်းဖြင့် တိုးတက်အောင်မြင်ရေး၊ မြို့နယ်အားကစားအရာရှိ ဒေါ်ဇင်မာခိုင်က လူငယ်နှင့်အားကစား၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးကျော်မင်းဦးက ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ခေါင်းစဥ်များဖြင့် ဟောပြောဆွေးနွေးခဲ့ကြသည်။ ထို့နောက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးမှူအန္တရာယ်တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာ ပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်