မုံရွာမြို့ အ.ထ.က(၂)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

မုံရွာ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက  ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုဖေ ကအမှာစကားပြောကြားသည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသောမိဘ၊ ဆရာ၊ ကျောင်းသားကျောင်းသူများနှင့်အတူ  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မုံရွာမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူလေးများ၏ မင်္ဂလာပါ၊ ဦးရွှေရိုးနှင့်ဒေါ်မိုး၊ လောကအားမာန်၊ တောင်ယာဝင်ချိန်၊ မလေးလက်ခတ်သံ စသည့်သီချင်းများဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အဆင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း လူရည်ချွန်၊ ပန်းချီ၊ ကဗျာ၊ စာစီစာကုံး၊ ဆောင်ပါး၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည် ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရ ကျောင်းသားကျောင်းသူ (၁၉၄)ဦးအား ဆုများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြပြီးနောက် ရုံးတော်လွှတ်တော်သီချင်းဖြင့် ကပြဖျော်ဖြေကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)