ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer Original)ထပ်ဆောင်းထိုးနှံပေး

ဝါးခယ်မ ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ‌ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းပင်စင်စားများနှင့် အသက်(၆၅)နှစ်‌ကျော် ပြည်သူများအား(Pfizer Original)ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ဝါးခယ်မမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းထက်နှင့် ဝန်ထမ်းများမှ ဇန်နဝါရီလ (၁၆)ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ(၁၇)ရက်နေ့တွင် (၅၆)ဦးထိုးနှံပြီးစီးကြောင်း၊ ယင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer Original) ထပ်ဆောင်းထိုးနှံပေးမှုကို ပင်စင်စားဝန်ထမ်းများ၊ အသက်(၅၀)ကျော် နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၆၅)ကျော်ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)