ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ကော့သောင်းမြို့ မူလွန်အေးရိပ်ငြိမ် (၂) ကျောင်းတွင်ပြုလုပ်

ကော့သောင်း  ဇန်နဝါရီ   ၁၈

ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ မူလွန်အေးရိပ်ငြိမ် (၂) ကျောင်းတွင် ယနေ့နံနက်ပိုင်းက (၇၇) နှစ်မြောက် ပြည်‌ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲပြုလုပ်ကျင်းပသည်။

ရှေ့ဦးစွာ ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက မြန်မာနိုင်ငံ၏သမိုင်းဝင်နေ့ထူးနေ့မြတ်များမှ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း သိကောင်းစရာများ၊ ကျောင်းနေအရွယ်ကလေးဘဝမှ စတင်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ နိုင်ငံတော်နှင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်၏ အရေးပါမှုနှင့် မျိုးဆက်သစ်လူငယ်များ နိုင်ငံကို ထိန်းသိမ်းကာကွယ်ရမည့် သမိုင်း‌ပေး တာဝန်များစသည့် ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများအား အသိပညာပေး ဟောပြောပြီး ကျောင်းသား၊ကျောင်းသူများအား ပြည်‌ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းဆိုင်ရာ အသိပညာပေး စိတ်ဝင်စားဖွယ်ရာ မှတ်တမ်း ဓာတ်ပုံများ၊ လွတ်လပ်‌ရေးဗိသုကာကြီး ဗိုလ်ချုပ်‌အောင်ဆန်း၏ သမိုင်းဝင်မိန့်ခွန်းကောက်နုတ်ချက်များ၊ နံရံကပ် စာစောင်များကို ခင်းကျင်းပြသပေးရာ ကျောင်းသား/ကျောင်းသူများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)