ရွှေတောင်မြို့နယ်တွင် ကလေးများအတွက်သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေး ပညာပေး (IzaI Kaeru Caravan) ပြုလုပ်

ရွှေတောင် ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ဆေးရိုးတန်းလမ်း ဧဝရက်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက ကလေးများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေး ပညာပေးအစီအစဉ် (IzaI Kaeru Caravan) ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးစီး၍အထက်အဆင့်ဆင့်၏ လမ်းညွှန်မှုများကိုခံယူလျက်ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး/စခန်းရှိ တပ်ဖွဲ့ဝင်များမှ မီးဘေး၊ သဘာဝဘေးနှင့် အခြားသောဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက လိုက်နာနေထိုင်ပြုမူဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အသိပညာဗဟုသုတများ၊ ခေတ်မီ မီးငြိမ်းသတ်ရေး ယာဥ်/စက်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး အထောက်အကူပြု ပစ္စည်းများအား လက်တွေ့ကိုင်တွယ်အသုံးပြုတတ်စေရန်၊ စိတ်ဝင်စားဖွယ် ဂိမ်းကစားနည်းများကို ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ပါဝင်ကစားရသည့် ကလေးများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေး ပညာပေးအစီအစဉ် (IzaI Kaeru Caravan) ပြုလုပ်ပေးခဲ့ကြာင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)