မိတ္ထီလာ ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်က အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က အဖွင့်အမှာစကား ပြောကြာခဲ့ပြီး ကျောင်းသားကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် ပူဇော်ကန်တော့ခဲ့သည်။ ၎င်းနောက် ဌာနမှူးများက ဆုံးမသြဝါဒစကားနှင့် မေတ္တာဆုတောင်းစကားများ ပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူများက ကန်တော့ပစ္စည်းများဖြင့် ပေးအပ်ကန်တော့ခဲ့ကြသည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က ကျောင်းကိုယ်စားပြု ဂုဏ်ပြုဆောင်ခဲ့ကြသော ဆရာဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဌာနနမှူးများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)