မဟာအောင်မြေ ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မဟာအောင်မြေမြို့နယ် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်သန်းမှ မြန်မာအီလက်ထရောနစ်စနစ်ဖြင့် မဲပေးပုံ အဆင့်ဆင့်အား power point ဖြင့် ရှင်းလင်းပြသခဲ့ကာ တက်ရောက်လာသည့် မဲဆန္ဒရှင်များအား အီလက်ထရောနစ်မဲပေးစနစ် မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့စမ်းသပ်သရုပ်ပြခဲ့သည်။
အဆိုပါ အခမ်းအနားအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်သန်းနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦး၊ မြို့နယ် စီမံ အဖွဲ့ဝင်(၁) ဗိုလ်မှူးဆွေလွင်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်အောင်၊ ပြည်သူ့ရှေ့ဆောင်ပါတီ အတွင်းရေးမှူး ဦးအောင်ကိုလတ် နှင့် ပါတီဝင်များ၊ ကြံ့ခိုင် ရေးပါတီ ဥက္ကဌ ဦးယဉ်မောင်ဟိန်းနှင့် ပါတီဝင်များ၊ တစည ပါတီမှ ဒေါ်ကြွယ်ကြွယ်နှင့် ပါတီဝင်များ၊ အမျိုးသား ဒီမိုကရက်တစ်ပါတီ တိုင်းတာဝန်ခံ ဦးဖိုးငယ်နှင့် ပါတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးဝန်ထမ်းများ၊ မဲပေးစနစ် လေ့လာသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပြည်သူများ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အောင်ဇော်မင်း