မံစီမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မံစီ ဇန်နဝါရီ ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘုန်းတော်ကြီးသင်ပညာရေး အခြေခံပညာမူလတန်းလွန်ကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို တောင်တန်းသာသနာပြုကျောင်း၌ ဇန်နဝါရီလ ၁၇ ရက်နံနက် ၀၉:၃၀ နာရီကကျင်းပခဲ့သည်။ 

အဆိုပါအသိပညာပေးဟောပြောပွဲကို ကျောင်းသားလူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက စာဖတ်ခြင်းဖြင့် ရရှိစေမည့်အကျိုးကျေးဇူးများအကြောင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အကြောင်းအရင်းနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များအကြောင်းအရာဖြင့် လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်မြတ်နန်းခိုင်က စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးနှင့် စာအုပ်စာပေအကြောင်း သိကောင်းစရာများဖြင့် အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)