သရက်ခရိုင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သရက် ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာ စကားပြောကြားရာတွင် လုပ်ငန်းအောင်မြင်မှုရှိစေရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အရှိန်အဟုတ်မပျက် ဆက်လက်ဆောင်ရွက်သွားကြရန် ပြောကြားပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီးတွင် ပြာသိုလပြည့်နေ့ ဇန်နဝါရီ(၂၅)ရက်နေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သံဃာတော်နှင့် သီလရှင်စုစုပေါင်း အပါး(၁၄၀)ကျော်တို့အား လောင်းလှူမည်ဖြစ်၍ ဌာနဆိုင်ရာများက  လောင်းလှူကြရန် ပြောကြားပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များကို တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)