ဝေါ ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ဝေါမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနက အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများအား pfizer (30)ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးခဲ့သည်။
အဆိုပါ pfizer(30)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Doses)ထိုးနှံမှုအား ဝေါမြို့နယ်အတွင်း၌ အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်း(၄၆၇)ဦးရှိပြီး ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျှက်ရှိပြီး ထပ်ဆောင်းကာကွယ်ဆေးနှံရန်အတွက် နောက်ဆုံအကြိမ် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ အနည်းဆုံး(၆)လရှိရမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)