တောင်သာမြို့နယ်တွင် VDP စီမံကိန်းဖြင့်မြေသားရေကန် ပြန်လည်ပြုပြင်

တောင်သာ ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့က တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် အလယ်ချိုင့်(မြောက်)ကျေးရွာတွင် မြေသားရေကန် ပြုပြင်​ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဒေါ်သင်းလဲ့အောင်နှင့် အငယ်တန်းအင်ဂျင်နီယာ-ဒေါ်အိအိဖြူတို့က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် အလျားပေ ၄၀၊ အနံ ပေ ၄၀၊ အနက် ၁၂ ပေ ရှိ မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စီမံကိန်းတာဝန်ခံနှင့် အငယ်တန်းအင်ဂျင်နီယာတို့က လုပ်ငန်းအန္တရာယ်ကင်းရှင်းစေရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး မှာကြားခဲကြောင်း သိရသည်။

အဆိုပါ အလယ်ချိုင့်(မြောက်)ကျေးရွာ မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀ မှ ၈၄ သိန်းနှင့် ပြည်သူထည့်ဝင်ငွေ ၁ သိန်း ၆ သောင်း တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး VDP ရန်ပုံငွေဖြင့် မြေသားရေကန် ပြုပြင်ခြင်းလုပ်ငန်းနှင့် ရွာတွင်းလမ်းကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း (အလျာပေ ၂၆၀၊ အကျယ် ၁၂ပေ၊ ထု ၆ လက်မ) လုပ်ငန်းတို့ဆောင်ရွက်ရွက်ခြင်းဖြစ်ကြောင်း၊ ကွန်ကရစ်လမ်းမှာ လုပ်ငန်းအားလုံးဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်းမှာ ၅၀ ရာခိုင်နူန်းထိ ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရကာ လုပ်ငန်းအားလုံဆောင်ရွက်ပြီးပါက အိမ်ခြေ ၈၉ လူဦးရေ ၄၉၂ ဦးအတွက် လမ်းပန်ဆက်သွယ်ရေးအပြင်၊ သောက်သုံးရေဖူလုံရေးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။            

ကျော်မျိုးနိုင်(တောင်သာ)