ပေါက်ခေါင်းမြို့ စည်ပင်သာယာ‌ဈေးကြီး မီးဘေးလုံခြုံ‌ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်‌ဆေးဆောင်ရွက်

ပေါက်ခေါင်း ဇန်နဝါရီ ၁၇

ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ကာလသို့ ရောက်ရှိပါသောကြောင့် ပြည်သူများ၏ နေအိမ်အဆောက်အဦများ၊ ဈေးဆိုင်များနှင့် သာသနိကအဆောက်အဦများ မီးဘေးအန္တရာယ်မဖြစ်ပွါးစေရေးအတွက် ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနဝန်ထမ်းများအဖွဲ့က ကြိုတင်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့မစည်ပင်သာယာ‌ဈေးကြီးအတွင်း၊ အပြင်ရှိဈေးဆိုင်များအား စစ်ဆေးပြီး ဈေးဆိုင်ခန်းပိုင်ရှင်များအား မီးဘေးအန္တရာယ်အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးမျိုးသူအောင်၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနဝန်ထမ်းများနှင့် မြို့မစည်ပင်သာယာဈေး တာဝန်ရှိသူများအဖွဲ့က ဈေးဆိုင်များတွင် နေ့စဉ်အသုံးပြုနေသော ထင်းမီး၊ မီးသွေး၊ လျှပ်စစ်မီး၊ ဂက်(စ်)မီးဖို အသုံးပြုသူများအား မီးစနစ်တကျအသုံးပြုရန်၊ မီးကြွင်းမီးကျန်များကိုစနစ်တကျ ငြိမ်းသတ်ရန်နှင့်လျှပ်စစ်မီးဖိုနှင့်ဂက်(စ်)မီးဖိုများ သုံးစွဲပြီးပါကခလုပ်များစနစ်တကျ ပြန်ပိတ်ရန်နှင့်နေအိမ်များတွင် မီးလောင်လွယ်သောပစ္စည်းများကို စနစ်တကျထားရှိရန်တို့ကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူး‌ပေါင်းအဖွဲ့များက ဈေးဆိုင်ခန်းပိုင်ရှင်များသို့ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)