ကြို့ပင်ကောက်မြို့တွင် ထိုင်းနှံကောက် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ကြို့ပင်ကောက် အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ထိုင်းနှံကောက် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို လက်ပံပင်စုကျေးရွာအုပ်စု တမံဆည်ကျေးရွာမှ တောင်သူ ဦးခင်ဇော်၏ မိုးစပါး ၅ ဧက စိုက်ခင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနှံကောက် စပါးမျိုးအား ပေါင်းတည်မြို့ မျိုးသန့်ခြံမှဝယ်ယူစိုက်ပျိုးထားခြင်းဖြစ်ကြာင်း သဘာဝမြေဩဇာနှင့် ယူရီယားဓါတ်မြေဩဇာ ထည့်သွင်းစိုက်ပျိုးထားခြင်းဖြစ်ကြောင်း စပါးအထွက်နှုန်းမှာ တစ်ဧကလျှင် စပါး ၁၃၂ ဒသမ ၂၇ တင်းခန့်ထွက်ရှိခဲ့ကြောင်း ယခင်နှစ်ကထက်ပိုမိုထွက်ရှိခဲ့ကြာင်း ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်များဖြင့် စိုက်ပျိုးခဲ့သောကြောင့် အထွက်နှုန်းတိုးတက်ရရှိခဲ့ကြာင်း တောင်းသူ ဦးခင်ဇော်ထံမှ သိရသည်။

ထိုင်းနှံကောက် မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့  မြို့နယ်အုပ်ချုပ်ရေမှူး ဦးဇင်မင်းဌေးနှင့် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြာင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)