ချောင်းဆုံ အောက်တိုဘာ ၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက စတင် ကောက်ယူလျက်ရှိရာ ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေ၊ ချောင်းဆုံမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ချောင်းဆုံမြို့နယ် သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်အစိုးရဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးမှ လိုအပ်သည်များမှာကြားကာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ချောင်းဆုံအရှေ့ရပ်ကွက်၊ သက္ကောကျေးရွာနှင့်တပ်နယ်အတွင်းရှိ သန်းခေါင်စာရင်း ကောက်ကွက်(၁၄)ကွက်ရှိ လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများကို စာရင်းကောက်သူများမှ စနစ်တကျ မေးမြန်းနေမှုများကို တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ချောင်းဆုံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း (၁၇၂)ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် (၆၅) ဦးတို့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)