ကလေး အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ခဲ့ရာ အဆိုပါကွင်းဆင်း ကောက်ယူခြင်းကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အာင်နိုင်ဦး၊ ကလေးခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ ကလေးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများက ကွင်းဆင်း၍ အနီးကပ်ကြည့်ရှုအားပေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)