မာန်အောင် အောက်တိုဘာ ၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီ ဝင်းဇော်မိုးထံမှပေးပို့သည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား မာန်အောင်မြို့နယ် ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မောင်မောင်ဖြူမှ ဖတ်ကြားသည်။
ထို့နောက် မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ်တွင် စည်းကမ်းကောင်းမွန်ပြီး ရဲလုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်ခဲ့သူများ၊ ရဲတပ်ဖွဲ့မိသားစုနေအိမ်လိုင်းခန်း အသန့်ရှင်းဆုံးဆုရရှိသူများနှင့် နှစ်(၆၀)ပြည့်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင်ဆုရရှိသူများအား တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်မိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သိန်းဖေ(ပြန်/ဆက်)