သံဖြူဇရပ်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

သံဖြူဇရပ် အောက်တိုဘာ  

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူနေမှုအား ယမန်နေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်တို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် သံဖြူဇရပ်မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ (၃)ဖွဲ့မှ အောင်မင်္ဂလာရပ်ကွက်၊ အောင်သာယာရပ်ကွက်နှင့် ဟံသာဝတီရပ်ကွက်အတွင်းရှိ သန်းခေါင် စာရင်းကောက်ကွက် ၁၈ ကွက်တို့၌ စာရင်းကောက်သူတို့က လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းနေမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီပေးခဲ့ကြသည်။

သဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အသီးသီးတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၂၂၈ ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် ၈၇ ဦးတို့မှ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)